မင်းလှ ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့မှ စတင်ကာ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အ. မ.က(ခွဲ) အပါအဝင် ထက်၊ လယ်၊ မူ (၁၅၅) ကျောင်းရှိပြီး၊ ဆရာ၊ ဆရာမ (၁၁၂၅) ဦးတို့ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းစွာ သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ အခြေခံပညာကျောင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ရဲတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများက ကျောင်းပတ်ဝန်းကျင် လုံခြုံရေးများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ