မိတ္ထီလာ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်၍ စက်ချုပ် နည်းပညာ အခြေခံသင်တန်း (၂/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦစွာ မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက အမှာစကားပြောကြားပြီး မိတ္ထီလာခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၊ ရက်ကန်းနှင့် အသက်မွေး ပညာ သင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ၎င်းသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက် မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများက စက်ချုက်နည်းပညာ အခြေခံသင်တန်းဖွင့်လှစ် သင်ကြားနေမှု အခြေအနေကို ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ စက်ချုပ်နည်းပညာ အခြေခံသင်တန်းကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ သင်တန်းသူ (၂၅)ဦးအား ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများ ချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီး ဝတ်ရင်ဖုံး အင်္ကျီ၊ စကဒ်ချုပ်နည်းအမျိုးမျိုး၊ တစ်နှစ်အရွယ် သုံးဖြက်ဆက် အတွန့်ပါ ဂါဝန်၊ ကလေးဝတ် ဘောင်းဘီရှည် စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝပြောကြားခဲ့သည်။
ခရိုင်ပြန်ဆက်