ကျိုင်းတောင်း ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်ရက် ပထမရက်နေ့တွင် ကျောင်းသားကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်နန်းသန်းသန်းဌေး က "ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ကနေ စာသင်နှစ်တစ်နှစ်လုံး ကျောင်းသားအားလုံးကို စည်းကမ်းကောင်းပြီး လိမ္မာယဉ်ကျေးတဲ့ ကလေးတွေဖြစ်အောင်နှင့် စာပေမှာထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းတွေဖြစ်အောင် မွေးထုတ်ပေးဖို့ ကျွန်မတို့ကျောင်းက ဆရာဆရာမတွေနဲ့ ဝန်ထမ်းအားလုံးက ကြိုးစားနေပါတယ်။ အခု စာသင်နှစ်မှာတော့ ကိုဗစ်-19 ရောဂါကလည်း တိုးလာသောကြောင့် ကျန်းမာရေးဝန်းကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသားများကို အုပ်စု(A)နဲ့ အုပ်စု(B)ဟူ၍ အုပ်စုနှစ်စုခွဲကာ ကျောင်းတက်ရက်တစ်ပတ်လျှင် တစ်လှည့်စီ သင်ကြားသွားပေးမှာဖြစ်ပါတယ်။ စာသင်ကြားရေးမှာလည်း ကြိုတင်ပြင်ဆင်ထားသည့်အတွက် သင်ကြားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု ပြောသည်။
အဆိုပါ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများရှိ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ စာသင်ကြားနေကြပါကြောင်းသိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)