ငါန်းဇွန်မြို့နယ်စာရင်းစစ်ရုံး ဝန်းထမ်းအိမ်ရာ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာပြုလုပ်

ငါန်းဇွန် ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ယနေ့နံနက် ၉ နာရီအချိန်က ငါန်းဇွန်မြို့နယ် စာရင်းစစ်ရုံးဝင်းအတွင်း၌ ပန္နက်တင်မင်္ဂလာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန္နက်တင်မင်္ဂလာ ပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း၊ မြိုနယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးခင်မောင်ခ၊ မြို့နယ်လမ်းဦးစီးဌာန ဦးအောင်စိုးလင်း(SAE)၊ မြို့နယ်စာရင်းစစ် ဦးစီးမှူး ဒေါ်ကြည်ကြည်ဆန်းနှင့် တာဝန်ယူတည်ဆောက်မည့် ရွှေထက်မင်းဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများက မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာကို (အလျား ၃၀ပေ၊ အနံ ၂၆ပေ) RC နှစ်ထပ်ဆောင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ငွေ (၄၂.၉)သန်းကျပ်ဖြင့် ရွှေထက်မင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)