ဘိုကလေး ဇွန် ၁
၂၀၂၁-၂၂ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးကို ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများကို မေ(၂၄)ရက်နေ့မှ စတင်၍ ကျောင်း အပ် လက်ခံလျက်ရှိရာ ယနေ့ထိ ကျောင်းအပ်သူဦးရေ(၃၉၁၉၆)ဦး ရှိပြီး ဘိုကလေး မြို့နယ်တွင် အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၃၃)ကျောင်း၊ အလယ်တန်းကျောင်း(၂၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၅၅)ကျောင်း၊ မူလတန်း လွန်ကျောင်း (၈၈)ကျောင်းနှင့် မူလတန်းကျောင်း (၂၇၁) ကျောင်း၊မူလတန်းကျောင်းခ (၂၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၀)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘိုကလေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးရယူဆောင်ရွက် ထားရှိကြောင်းလည်း သိရသည်။
မိုးစက်(ဘိုကလေး)