မောက်မယ် ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အခြေခံပညာကျောင်းများတွင် COVID-19ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျောင်းများပိတ်ထားလျက်ရှိရာ ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၁−၂၀၂၂ ပညာသင် အတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်သဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းတက်၍ ပြန်လည် ပညာသင်ကြားနေကြောင်းတွေ့ရသည်။
မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ မူလတန်းဆင့်(၃၀၂၉)ဦး ၊ အလယ်တန်းဆင့်(၅၄၆)ဦး နှင့် အထက်တန်းဆင့်(၁၀၉)ဦး စုစုပေါင်း (၃၆၈၄)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှတဆင့် သိရသည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)