ပလောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် Mask နှာခေါင်းစည်းများ ဖြန့်ဝေ

ပလောက် ဇွန် ၁ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော အဖွဲ့ သည် ယနေ့ နံနက် ၇ နာရီခွဲက ပလောက်မြို့ လူစည်ကားရာနေရာဖြစ်သော မြို့စည်ပင်သာယာ ဈေးကြီးအတွင်းနှင့် ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေ ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေရဲစခန်း၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါပိုးများ မိမိတို့ မြို့အတွင်းဝင်ရောက်၍ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်ရန် အသိပညာပေး ခြင်းအပြင် နှာခေါင်းစည်း Mask အခု (၅၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ နှင်းမြူလွင်