ကော့သောင်း သြဂုတ် ၉
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV.DONGBANG GIANT NO,5 သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး M.T AZOV SEA သင်္ဘောပေါ်မှ သင်္ဘောသား(၁၃)ဦး နှင့် MT-ENSEMBLE ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား(၁၆)ဦး စုစုပေါင်းသင်္ဘောသား (၃၈)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား.(၃၈)ဦးမှာ ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိနေသည့် MV.DONGBANG GIANT NO,5 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးမျိုးမင်းဦးပါ သင်္ဘောသား (၉)ဦး ၊ M.T AZOV SEA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးအောင်ခိုင်ပါ သင်္ဘောသား (၁၃) ဦး နှင့် MT-ENSEMBLE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးဇော်မြင့်ထွန်းပါ သင်္ဘောသား (၁၆)ဦးတို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်သည်။
သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၃၈)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swab နမူနာများအား ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)