ဓနုဖြူ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်း (၂၁၀)ကျောင်းတို့၌ ယနေ့ဇွန်လ ၁ ရက်နေ့မှစ၍ ကျောင်းများဖွင့်လှစ်ပြီး ကျောင်းသား/ကျောင်းသူ များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။
အခြခံပညာကျောင်း(၂၁၀)ကျောင်းတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိရာ ဓနုဖြူမြို့နယ်တွင် အထက(၁၂)ကျောင်း၊ အထက(ခွဲ)(၁၁) ကျောင်း၊ အလက(၁၄)ကျောင်း၊ အ.လ.က(ခွဲ)(၁)ကျောင်း၊ မူလွန်ကျောင်း(၈)ကျောင်း၊ အ.မ.က(ခွဲ)(၂)ကျောင်း၊ အမက (၁၅၉)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း(၃)ကျောင်း၊ စုစုပေါင်း (၂၁၀)ကျောင်းများတွင် သင်ကြားပေး လျက်ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ကျောင်းပတ်ဝန်းကျင်လုံခြုံရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။