ကြို့ပင်ကောက် ဇွန် ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် အထူးလုံခြုံရေး လုပ်ငန်းများကို တာဝန်ရှိ အဖွဲ့အစည်းများက နေ့ညအချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွန်လ (၁) ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အခြေခံပညာကျောင်း စုစုပေါင်း ၁၇၂ ကျောင်းလုံး စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် မြို့ပေါ်ကျောင်းများတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင်လည်း အထောက်အကူပြု အဖွဲ့များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ညပိုင်းများတွင် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကြို့ပင်ကောက်တစ်မြို့နယ်လုံးတွင် ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်ပြီးသော ကျောင်းသားကျောင်းသူ စုစုပေါင်း(၇၁၆၆)ဦး ၄၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ကျောင်းဖွင့်ရက်များတွင်လည်း ကျောင်းအပ် လက်ခံခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)