ကျိုက်ဒုံ ဇွန် ၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်ကျိုက်ဒုံမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင်မူလတန်း၊အလယ်တန်း၊အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများအားကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား/သူများအား စတင်လက်ခံခဲ့ပြီး ဇွန်လ ၁ရက်နေ့ နံနက် ၉ နာရီတွင် ကျောင်းသား ကျောင်းသူများ စတင်ကျောင်းတက်နေပြီဖြစ်ကြောင်းသိရသည်။
ကျိုက်ဒုံ(အ.ထ.က)ကျောင်းစတင်ဖွင့်လှစ်ရာတွင် ကျောင်းဝင်းရှေ့မုဒ်ဦးအဝင်ဝ၌ ဗီနိုင်းဖြင့် လိုက်နာရမည့် စည်းကမ်းချက်များ ကပ်ထားပေးခြင်း၊ကျောင်းခန်းအရှေ့များတွင်ဘာသာရပ်များ သိရှိနိုင်ရန်အတွက် ဘာသာတွဲများဖြင့် ကပ်ပေးထားခြင်း(Covid-19)ရောဂါကြိုတင်ကာကွယ်နိုင်စေရေးအတွက် အပူချိန်တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်ထားရှိပေးမှုများ ဆောင်ရွက်ပေးထား ကြောင်းသိရသည်။
(ကျိုက်ဒုံ)ပြန်/ဆက်