မောက်မယ်မြို့နယ်တွင် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မောက်မယ် ဇွန် ၁

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား နွေနှမ်းများကို စိုက်ပျိုးလျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဆင်းရတနာ ၁၄ နွေနှမ်းမျိုးအား ယခင်နှစ်က စမ်းသပ်စိုက်ပျိုးပြသခြင်းကို တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာမှ ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးခဲ့ကြသည်။

မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးသက်နိုင်က ရှင်းလင်းပြောကြားရာတွင် ယခင်က သီးနှံများတိုးချဲ့ စိုက်ပျိုးမှုပုံစံတွင် လယ်မြေများ၌ မိုးကြိုနှမ်းစိုက်ပျိုးပြီးလျှင် မိုးစပါးကိုလည်းကောင်း ၊ ယာမြေများတွင် မိုးကြိုနှမ်း စိုက်ပျိုးပြီးလျှင် ပဲတီစိမ်း (သို့) ဆောင်းပဲပုတ်သော်လည်းကောင်း စိုက်ပျိုးကြခြင်းဖြစ်ရာ မူလသီးနှံ အထွက်နှုန်း တိုးတက်ရေးနှင့် သီးထပ်သီးနှံများကို စိုက်ပျိုးချိန်မီရန် အတွက် သက်တမ်းတိုပြီး အထွက်နှုန်း ကောင်းမွန်သည့် ဆင်းရတနာ ၁၄ နွေနှမ်းမျိုးအား စျေးကောင်းရရန် တောင်သူများ မျှော်လင့်နေကြောင်း တောင်သူဦးအောင် ထံမှ တစ်ဆင့် သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)