မြစ်သား ဇွန် ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပြည်သူ့စွမ်းဆောင်ရည်မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများအား National လျှပ်စစ်မီးပူ၊ ကတ်ကြေး၊ ပေတံ၊ ပုံကြမ်း စာရွက်၊ အပ်ချည်၊ လုံချည်စ၊ အင်္ကျီစ၊ စာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ ပေကြိုး၊ ကော်ထုပ်စသည့် သင်ထောက်ကူပစ္စည်းများကိုပေးအပ်ခဲ့ကြောင်းနှင့်အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ဇွန် ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွား မည်ဖြစ်ပြီး နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် တက်ရောက်သည့်သင်တန်းသား ဦးရေမှာ(၁၅)ဦးဖြစ်ကြောင်းသိရှိရသည်။
ဆုမွန်