ဒေါပုံ ဇွန် ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းက ကျောင်းများအားလုံး စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ကျောင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများထံ ငွေကြေးကောက်ခံခြင်းမရှိဘဲ၊ ကျောင်းသား၊ ကျောင်းသူများအတွက် Mask၊ Face Shield၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ပေတံ စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇)ကျောင်းရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ညွှန်ကြား ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျောင်းသို့ဝင်ရောက်လာသော ကလေး များကို အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်ဖြန်းပေးခြင်း၊ Mask၊ Face shield တို့ တပ်ဆင်လာခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို့ ဆောင်ရွက် ပေးလျက်ရှိသည်။
အခြေခံပညာကျောင်းများတွင် စာသင်ကြားနေသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ လုံခြုံ စိတ်ချစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်