ပခုက္ကူ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စတင်၍ ကိုဗစ် - ၁၉ ကာကွယ်ထိန်းသိမ်းရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိ ကြောင်း သိရသည်။
ပခုက္ကူမြို့ပေါ်နှင့်မြို့နယ်အအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၄၁)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း(၇၇)ကျောင်း၊ မူလတန်းကျောင်း(၁၀၅)ကျောင်း စုစုပေါင်း(၂၂၃)ကျောင်းရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေး အတွက် ကျောင်းတက်ရောက်နေသည့် ကျောင်းသား/သူများအား ကျောင်းဝန်းအဝင်တွင် ဆပ်ပြာနှင့်လက်ဆေး ဘေစင်ထားရှိ ပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် Faceshield များ တပ်ဆင်ပြီးမှ ဝင်ရောက်ရေးဆောင်ရွက်ထားရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိသည်။
ထိုအခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားပေးနေမှုများကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးမောင်မောင်လွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီတို့က လိုက်လံကြည့်ရှုစစ်ဆေးကြ ကြောင်း သိရသည်။
ဘာမီတာ