အလုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

အလုံ ဇွန် 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာကျောင်းများအလိုက် စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

ကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ညွှန်ကြားချက်များနှင့် ဖွင့်လှစ်​ဆောင်ရွင်လျက်ရှိပြီးကျောင်းသား၊​ ကျောင်းသူများကျောင်းတွင်းသို့ ဝင်​​ရောက်ရာတွင် Mask Face Shield များ တပ်ဆင်​စေခြင်း၊ အပူချိန်တိုင်းတာ​ပေးခြင်း၊ လက်​ဆေး​စေခြင်းနှင့်စာသင်ရာတွင်လည်း Social Dictation နှင့်အညီ သင်ကြားတို့ကိုဆောင်ရွက်လျက်ရှိသည်။

ကျောင်းတက်​ရောက်ရာတွင်  (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့လည်းကောင်း တက်​ရောက်ရမည်ဖြစ်ပြီး  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask  နှင့် Face   Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု မရှိကြောင်း မြို့နယ်ပညာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အလုံမြို့နယ်တွင် အ​ခြေပပညာအထက်တန်း​ကျောင်း ()​ကျောင်း၊ အလယ်တန်း​ကျောင်း()​ကျောင်း၊ မူလတန်း​ကျောင်း ()​ကျောင်း၊ စုစု​ပေါင်း(၁၃)​ကျောင်းရှိပြီးကျောင်းများကို နံနက်(:၃၀)မှ ည​နေ(:၃၀)အချိန်အထိ အထက်တန်း၊ အလယ်တန်းများအတွက် စာသင်ချန်()ချိန်၊ မူလတန်းများအတွက် စာသင်ချိန်()ချိန် သင်ကြားသွားမည်ဖြစ်​​ကြောင်း သတင်းရရှိသည်။

ရွက်သစ်ဝေ