ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အ​ခြေခံပညာ​ကျောင်းများ စတင်ဖွင့်လှစ်

ဒဂုံဆိပ်ကမ်း ဇွန် ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယ​နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်​ကြောင်း သိရသည်။

​ကျောင်းသို့ တက်​ရောက်လာသည့်​ ကျောင်းသား၊ ​ကျောင်းသူများထံ ငွေကြေးကောက်ခံခြင်းမရှိဘဲ၊ ကျောင်းသား၊ ကျောင်းသူများအတွက် Mask၊ Face Shield၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ​၊ ပေတံစသည် တို့ကို ​ထောက်ပံ့​ပေးလျက်ရှိ​ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၉)ကျောင်းရှိပြီး ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီး ဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ သင်ကြား​ပေးနိုင်​ရေး နှင့် လုံခြုံစွာ ​ကျောင်းတက်နိုင်​ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ စီမံ​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

နန်း​ရွှေကြည်