ရန်ကုန် ဇွန် ၁
ဇွန်(၁)ရက်နေ့မှစ၍မြန်မာနိုင်ငံတစ်ဝန်းရှိစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဖြင့် ပြန်လည်စည်ကားလာနေသည်ကို မြင်တွေ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အနောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်အတွင်းရှိ၊အခြေခံပညာကျောင်းများ၏ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး၊ ပညာသင်ခွင့် ရရှိရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်းချက်များနှင့်အညီ၊ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီးဖြစ်သည်။
“ယနေ့ဇွန်(၁)ရက်နေ့တွင်၊ ဆရာမတို့ကျောင်းအနေနဲ့ အခြေခံပညာအဆင့်၊ မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းတွင် ကျောင်းသားကျောင်းသူများ ပြန်လည်စည်းကား လာသည်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်၊ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေရဲ့ လုံခြုံရေး အတွက် စိုးရိမ်စိတ်တွေရှိနေတာကို သိရှိရပါတယ်၊ ဒါကြောင့်ဆရာမတို့အနေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများဖြင့် ပူပေါင်း၍ ကျောင်းအတွင်း၊ အပြင်လုံခြုံရေးကို စီစဉ်ဆောင်ရွက်ထားပါတယ်၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်ဖွင့်ချိန်တွင် ပညာသင်ကြားမှု နှောင့်နှေးကြန့်ကြားမှုမရှိဘဲ၊ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အေးချမ်းစွာ ဆက်လက်ပညာသင်ကြားပေးသွားမည် ဖြစ်ပါတယ်”ဟု အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (ဗဟန်း)မှကျောင်းဆရာမ တစ်ဦးက ပြောကြားခဲ့သည်။
ဆက်လက်၍ကျောင်းသားမိဘတစ်ဦးကလည်း၊မိမိတို့ရဲ့ကလေးတွေကို ပညာတတ်ကြီးများဖြစ်စေချင်ပါကြောင်း၊ မိမိတို့သားသမီးများအားလုံခြုံစိတ်ချ၊ စိတ်အေးချမ်းသာစွာဖြင့်ပညာသင်ယူစေချင်ပါကြောင်း၊ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပညာသင်ယူခွင့် ရရှိအောင်အဖက်ဖက်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့သည်။
ယခုနှစ်ပညာသင်နှစ်တွင် အသက်(၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း၊ အသက်(၆)နှစ် အရွယ် ကလေးများကို ပထမတန်း၊ သင်ကြားရမည်ဖြစ်ပြီး၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဌမတန်း၊ သတ္တမတန်း၊ ဒဿမတန်း တို့ကို(သင်ရိုးသစ်)နှင့် သတ္တမတန်း၊ အဌမတန်း၊ ဒဿမတန်းတို့ကို(သင်ရိုးဟောင်း)တို့ဖြင့် သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဗဟန်းမြို့နယ်အတွင်းအခြေခံပညာကျောင်း ထက်၊ လယ်၊ မူကျောင်း(၂၈ ) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၃)ကျောင်း၊ စာသင်ကျောင်းစုစုပေါင်း(၃၁)ကျောင်းရှိကြောင်းသိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)