မြို့သစ်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မြို့သစ် ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့သစ်နယ်တွင် အခြေခံပညာမူလတန်း အလယ်တန်း အထက် တန်း ကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။      

ထိုသို့ ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာတွင်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ် နိုင်ရန်အတွက် လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား / သူများအား ကျောင်းအဝင်၌ ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်များ ထားရှိ၍လက်ဆေးစေခြင်း၊ အခမဲ့ဖြန့်ဝေပေး ထားသည့် နှာခေါင်းစည်း(Mask)များနှင့် Face Shield များအား တပ်ဆင်စေခြင်း အစရှိသည် တို့အား  ဆောင်ရွက်၍ သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ဆက်လက်၍  မြို့သစ်မြို့နယ်တွင်အခြေခံပညာမူလတန်းနှင့်အထက်တန်းကျောင်း စုစုပေါင်း  ကျောင်း ၁၉၀ ရှိပြီး  ကျောင်းအပ်နှံခြင်းများအား မေ  ၂၄  ရက်မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ် နှံခြင်း ရက်သတ္တပတ်အဖြစ် ဆောင်ရွက် ခဲ့ရာ ယနေ့မှစ၍ ကျောင်းသား/ကျောင်းသူများ ပညာ သင်ကြား လျက်ရှိကြောင်းသိရသည်။

 

 

ကိုဇော်