စမ်းချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

စမ်းချောင်း ဇွန် ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာ​ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အတွက် Mask၊ Face Shield၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ပေတံ စသည်တို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။ 

စမ်းချောင်းမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၂၄)ကျောင်းရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ သင်ကြားပေးနိုင်ရေးနှင့် လုံခြုံစွာ ကျောင်းတက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်