ငပုတော ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှုးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်က အမှာစကားများ ပြောကြားပြီးနောက် အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များအား ဖြည့်စွက်မှာကြားကာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းစိုးက ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လုပ်ငန်းအားသာချက် အားနည်းချက်များအား ပြန်လည် ဆွေးနွေး တင်ပြခဲ့ပြီး အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ၉၂ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)