မြစ်သားမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြား

မြစ်သား ဇွန် ၁ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာ ကျောင်းများ ဇွန်လ ၁ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်းသိရသည်။ မြစ်သားမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၅)ကျောင်း၊ မူလတန်းလွန် ကျောင်း(၂၀)ကျောင်း၊ မူလတန်းကျောင်း(၁၃၅)ကျောင်း၊ မူလတန်းခွဲ(၁)ကျောင်း ကိုယ်ပိုင်ကျောင်း(၂) ကျောင်း စုစုပေါင်း(၁၈၅)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိ ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်စေရေးအတွက် Mask နှင့် Face Shield များတပ်ဆင် ပညာသင်ကြား လျက်ရှိ ကြောင်းသိရသည်။ မြမြမွန်