တနင်္သာရီ ဇွန်လ ၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ၂၀၂၁ခုနှစ်၊ မေလအတွက် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းစုစုပေါင်း (၄၂၆)ဦးစာရင်းရှိသည့်အနက် မေလ(၃၁)ရက်နေ့ မွန်းလွှဲ ၂နာရီခွဲ ချိန်အထိပင်စင်စား(၂၄၀)ဦးတို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီအေးချမ်းစွာပုံမှန်လာရောက်ထုတ်ယူခဲ့ကြကြောင်း မြို့နယ်မြန်မာ့စီးပွါးရေး ဘဏ်မှ သိရှိရသည်။
တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်၌အငြိမ်းစားဝန်ထမ်းများအနေဖြင့်လစဉ်(၁)ရက်နေ့မှ(၂၀)ရက်အတွင်း ဘဏ်ဖွင့်ရက်များ၌ နေ့စဉ် နံနက်၉နာရီခွဲအချိန်မှ မွန်းလွှဲ၃နာရီအထိကိုလည်းကောင်း ၊လစဉ်(၂၁)ရက်နေ့မှလစာ ထုတ် ရက်အထိ ဘဏ်ဖွင့်ရက်များမှာနေ့စဉ်နံနက်၈နာရီမှမွန်းလွှဲ၂နာရီအထိတွင်လည်းကောင်းမိမိကြိုက်နှစ်သက် သလို စိတ်အေးချမ်းသာစွာလာရောက်ထုတ်ယူနိုင်သော်လည်း၊ အများအားဖြင့် အငြိမ်းစားဝန်ထမ်းများက လစဉ် (၂၁)ရက်အနောက်ပိုင်းမှ သာ လာရောက်ထုတ်ယူကြကြောင်း၊ပင်စင်လစာထုတ်ယူရန်လာရောက်ကြမည့်ပင်စင် စားများကလည်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊ ဘဏ်ထဲသို့မဝင်မှီ စနစ်တကျ လက်ဆေးခြင်း၊တစ်ဦးနှင့်တစ်ဦး(၆)ပေကွာ၍ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကိုဦးစားပေး ကူညီဖေး မ ခြင်းဖြင့် ပင်စင်ထုတ် ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင် ရွက်ပေးကြစေလိုကြောင်း ဘဏ်မန်နေဂျာ ဒေါ်သန်းချိုဌေးထံက သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)