ထန်းတပင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

ထန်းတပင် ဇွန် ၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်း (၁၀၉) ကျောင်း တို့၌ကျောင်းများဖွင့်လှစ်လျှက်ရှိကြောင်းသိရသည်။

အခြေခံပညာကျောင်း(၁၀၉)ကျောင်းတို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျှက်ရှိရာ ထန်းတပင်မြို့တွင် အထက ကျောင်း( ၉ )ကျောင်း၊ အထက(ခွဲ)ကျောင်း( ၄ )ကျောင်း၊ အလကကျောင်း( ၁၄ )ကျောင်း၊ အလက(ခွဲ )ကျောင်း ( ၂၁ )ကျောင်း၊ မူလွန်ကျောင်း( ၅၄ )ကျောင်း၊ အမကကျောင်း( ၆ ) အမကကျောင်း(ခွဲ ) (၁ )ကျောင်း ကျောင်းစုစုပေါင်း(၁၀၉) ကျောင်းရှိပြီးဆရာ/ဆရာမ( ၈၉၉ )ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိ /ရပ်ဖများက ကျောင်းပတ်ဝန်းကျင်လုံခြုံရေးများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မြို့နယ် (ပြန်/ဆက်)