ဖြူး ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာကျောင်းများ တက်ရောက် သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ စီစဉ်ဆောင်ရွက်ထားရှိပြီး ကျောင်းများအတွင်း ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် လက်ဆေးရန် နေရာများ စီစဉ်ထားခြင်း၊ တစ်ဦးနှင့်တစ်ဦး လေးပေအကွာအဝေးဖြင့် ပညာသင်ယူစေခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ (၁၆၄၈၁)ဦးရှိပြီး အ.ထ.က (၁၄) ကျောင်း ၊ အ.ထ.က ခွဲ (၉) ကျောင်း ၊ အ.လ.က (၁၂) ကျောင်း၊ အ.လ.က (ခွဲ) (၃၀) ကျောင်း၊ မူလွန် (၁၅၁) ကျောင်း၊ အ.မ.က (၇)ကျောင်း၊ အ.မ.က ခွဲ (၇) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၃၀) ကျောင်းရှိပြီး ဆရာ၊ ဆရာမ( ၁၆၆၈ )ဦးဖြင့် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင်ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရေး အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းတွင်း/ကျောင်းပြင် ပတ်ဝန်းကျင် လုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြူး(ပြန်/ဆက်)