မင်းတုန်းမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

မင်းတုန်း ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ယ်တွင် အခြေခံပညာ မူလတန်း အလယ် တန်း  အထက်တန်း ကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။

ထိုသို့ ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာတွင်  ကိုဗစ်-၁၉ ရောဂါ    ကူးစက်မှု  ကာကွယ်နိုင်ရန်အတွက် လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများအား ကျောင်း အဝင်၌ ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်များ ထားရှိ၍လက်ဆေးစေခြင်း၊ အခမဲ့ ဖြန့်ဝေ  ပေးထားသည့် နှာခေါင်းစည်း(Mask)များနှင့် Face Shield များအား တပ်ဆင်စေခြင်း အစရှိသည်တို့အား  ဆောင်ရွက်၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း‌‌ကျောင်း(၆)ကျောင်း၊ အထက်တန်း ကျောင်း (ခွဲ) ()ကျောင်း၊ အလယ်တန်း‌ကျောင်း(၄)ကျောင်း၊ အလာ်တန်းကျောင်း(ခွဲ) (၁၁)ကျောင်း၊ မူလတန်းလွန်‌ ကျောင်း(၁၁)ကျောင်း၊ မူလတန်းကျောင်း(၉၁)ကျောင်းနှင့် မူလတန်းကျောင်း (ခွဲ)()ကျောင်း  (၁၅၀)ရှိပြီး  ကျောင်းအပ်နှံခြင်းများအား မေ ၂၄ ရက်မှ မေ ၃၁ ရက်နေ့အထိ  ကျောင်းအပ်နှံခြင်း ရက်သတ္တပတ် ဆောင်ရွက်ခဲ့ရာ မူလတန်း၌ (၂၇၆၅)ဦး၊ အလယ်တန်း၌ (၁၂၆၇)ဦးနှင့် အထက်တန်း၌ (၂၃၇)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၄၂၉၉)ဦး ကျောင်းအပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။