ရန်ကင်း ဇွန် ၁
ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ် ဝိုင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှထွေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်နှင့် ဖတ်ရှုဆွေးနွေးမည့်စာအုပ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းကိုစာရေးဆရာမပေါက်ပေါက်က ဆက်လက်ပြု လုပ်ရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ ချစ်လို့ပြောတာမှတ်ပါ” စာအုပ်ပါ အကြောင်း အရာများကို Book Club အသင်းဝင် ဦးသောင်းထွန်းဦးက လည်းကောင်း၊ Youth Club အဖွဲ့ဝင်ကိုဝေလင်းထိုက်ကလည်းကောင်းစာအုပ်ပါအကြောင်းအရာတို့ကို အသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်း များပြုလုပ်ပေးခြင်းအပြင် ပြည်သူ့ စာကြည့်တိုက်ရှိ သုတ၊ရသစာအုပ်၊စာစောင်မျိုးစုံတို့ကို စာဖတ်သူ ပရိသတ် များ အခမဲ့ ငှားရမ်း ဖတ်ရှု နိုင်အောင် စီစဉ် ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့ စာကြည့်တိုက်Facebook Page မှတဆင့် စာအုပ်မိတ်ဆက်ကဏ္ဍ တင်ဆက် ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြား ပြသပေးခြင်းနှင့် အိမ်တွင်း လက်မှု နည်းပညာများကိုလည်းလက်တွေ့ပြသလွှင့်တင်ပေးလျက်ရှိပြီး၊ စာအုပ် စာစောင်များကိုလည်း စာဖတ်သူတို့ အိမ်တိုင်ရာရောက် Mobileကွင်းဆင်း၍ ငှားရမ်း၊ဖတ်ရှုနိုင်အောင် ပြည်သူ့ ဝန် ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)