အောင်လံ ဇွန် ၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်သင်ကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန် အတွက် ကျောင်းအဝင်၌ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း၊ အခမဲ့ဖြန့်ဝေပေးထားသည့် နှာခေါင်းစည်း(Mask) များနှင့် Face Shield များတပ်ဆင်၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အောင်လံမြို့နယ်တွင် အခြေခံပညာ မူလတန်း ကျောင်း (၇၆)ကျောင်း၊ မူလတန်းကျောင်းခွဲ(၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၄၁)ကျောင်း၊ အလယ်တန်းကျောင်း(၄၅)၊ အလယ်တန်းကျောင်းခွဲ(၄၀)၊ အထက်တန်း ကျောင်း(၁၃)၊ အထက်တန်းကျောင်းခွဲ(၃၂)၊ စုစုပေါင်းအခြေခံ ပညာကျောင်းပေါင်း (၂၅၃)ရှိပြီး ကျောင်းအပ်နှံ ခြင်း များအား မေလ(၂၄)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ ကျောင်းအပ်နှံခြင်းသီတင်းပတ်အဖြစ် ဆောင်ရွက်ခဲ့ရာ မူလတန်း (၇၀၃၇)၊ အလယ်တန်း(၃၆၂၅)ဦးနှင့် အထက်တန်း(၄၉၃)ဦး စုစုပေါင်း(၁၁၁၅၅)ဦး ကျောင်းအပ်နှံ ခဲ့ကြောင်း သိရသည်။
မျိုးသိန်း