အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

 

ရန်ကုန်  ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ အားလုံးကို ယနေ့ နံနက်ပိုင်းမှစတင်ကာ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်း သူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စီစဉ် ဆောင်ရွက်ထားရှိပြီး ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းအဝင်နှင့် စာသင်ခန်း အဝင် တို့တွင် လက်ဆေးဘေစင်များ ထားရှိခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လေးပေအကွာဖြင့် ပညာသင်ယူ စေခြင်းတို့ ကို သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများနှင့် ဆရာ၊ဆရာမများက စီစဉ်ထားရှိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်း၌ အထက်တန်းကျောင်း()ကျောင်း၊ အလယ်တန်းကျောင်း(၁၂) ကျောင်း၊ မူလတန်း ကျောင်း(၃၀)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း()ကျောင်း စုစုပေါင်း (၅၃)ကျောင်းတို့တွင် ကျောင်း အသီးသီးရှိ တာဝန်ကျ ကျောင်းအုပ်ကြီးများ နှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ကျောင်းသူများကို ပညာသင်ကြား ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြား နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ် အခြေခံပညာဦးစီးဌာနနှင့်တာဝန်ရှိသူများက ကျောင်းတွင်း/ကျောင်းပြင် ပတ်ဝန်းကျင် လုံခြုံ တို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)