ပုသိမ်မြို့ ကညန ရုံးဝန်အတွင်းပေါက်ကွဲမှုဖြစ်ပွား

ပုသိမ်   ဇွန်   ၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  (၁၃)ရပ်ကွက် ၊ ကင်မလင်းကျွန်းလမ်းမကြီးရှိ ကညန ရုံးဝန်း အတွင်း၌ နေ့လည် ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်က အုတ်နံရံနှင့် ရေစင်အတွင်း ကီးပက်ဖုန်းဖြင့် အသုံးပြု၍ ပြုလုပ်ထားသော လက်လုပ်မိုင်းအား ရုံးဘေး ငုဝါ (၁)လမ်းဘက်မှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ တိုင်းကောင်စီအဖွဲ့ဝင် (၁ ) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများက ပေါက်ကွဲ သည့် နေရာအားရှာဖွေရှင်းလင်းခဲ့ကြောင်း သိရသည်။

မြင့်ဟန်(ပြန်/ဆက်)