ဒဂုံမြောက် ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းက ကျောင်းများအားလုံး ယနေ့စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၃၁)ကျောင်းရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျောင်းသို့ ဝင်ရောက်လာသော ကလေး များကို အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည် ဖြန်းပေးခြင်း၊ Mask ၊ Face shield တို့ တပ်ဆင်လာခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို့ ဆောင်ရွက် ပေးလျက်ရှိသည်။
အခြေခံပညာကျောင်းများတွင် စာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများနှင် ဆရာ၊ဆရာမများ လုံခြုံ စိတ်ချ၍ အေးချမ်းစွာ ပညာ သင်ကြား နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၊မြို့နယ် ရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများပူးပေါင်း၍ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)