အလုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းစတင်ဖွင့်လှစ်

 

အလုံ ဇွန်လ 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ()ရက်နေ့တွင် စတင်ဖွင့်လှစ်ဖြစ်ရာ  ရန်ကုန် အနောက်ပိုင်းခရိုင်၊အလုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့ နံနက်ပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ကျောင်းများအလိုက် စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။

ကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ညွှန်ကြားချက်များနှင့်ဖွင့်လှစ်ဆောင်ရွင်လျက်ရှိပြီး  ကျောင်းသား၊ ကျောင်းသူများ ကျောင်းတွင်းသို့ ဝင်ရောက်ရာတွင် Mask Face Shield များ တပ်ဆင်စေခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးစေခြင်းနှင့်  စာသင်ရာတွင်လည်း Social Distation နှင့်အညီ သင်ကြားတို့ကို ဆောင်ရွက်လျက်ရှိသည်။

ကျောင်းတက်ရောက်ရာတွင်  ()နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ () နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့လည်းကောင်း တက်ရောက်ရမည်ဖြစ်ပြီး  ကျောင်းသုံးပြ ဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask  နှင့် Face   Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း မြို့နယ်ပညာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

အလုံမြို့နယ်တွင် အခြေပပညာ အထက်တန်းကျောင်း()ကျောင်း၊ အလယ်တန်းကျောင်း()ကျောင်း၊ မူလတန်း ကျောင်း()ကျောင်း၊ စုစုပေါင်း(၁၃)ကျောင်းရှိပြီး ကျောင်းများကို နံနက်(၈း၃၀)မှ ညနေ(၂း၃၀)အချိန်အထိ အထက်တန်း၊အလယ်တန်းများအတွက် စာသင်ချိန်() ချိန်၊ မူလတန်းများအတွက် စာသင်ချိန်()ချိန် သင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွက်သစ်ဝေ