ရန်ကုန် ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ ဆေးရုံရက်ချိန်းပြရန် ဆီးချိုရောဂါလူနာ အမျိုးသားတစ်ဦးနှင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ မာဃလမ်းနေ အမျိုးသမီးတစ်ဦး ခြေသလုံးရိုးနှင့်ပေါင်ရိုးကျိုး လူနာအား ဆေးရုံရက်ချိန်းပြန်ရန် အကူအညီတောင်းခံလာသဖြင့် ယမန်နေ့ နံနက်ပိုင်းက အင်းစိန် မြို့နယ်၊တပ်ဖွဲ့မှူး ဉီးနီထွန်းနှင့် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၂)စီး ဖြင့် သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူနာများအား ဝိတိုရီယ ဆေးရုံနှင့် မြောက်ဉက္ကလာပဆေးရုံများသို့ အသွားအပြန် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ကြက်ခြေနီအသင်းမှ နေ့စဉ် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)