ဂွ ဇွန် ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီမှစတင်၍ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ် ပို့ချသင်ကြားလျက် ရှိကြောင်း သိရသည်။
ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပို့ချရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းတက်ရန်ရောက်ရှိလာသော ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ သင်ခန်းစာသင်ကြားပို့ချပြသပေးခြင်း အစရှိသည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် ဂွမြို့နယ်အတွင်းရှိ အခြေခံ ပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများသည် ယနေ့မှစ၍ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပို့ချလျက် ရှိကြောင်း သိရသည်။
ရွှေရည်ဝင်း