မင်းဘူး(စကု)မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြား

မင်းဘူး ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် (ဇွန်လ ၁ ရက်) ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ဖွင့်လှစ်ကာ ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများသို့လာရောက်ရာတွင် ကျောင်းအဝင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေး ဘေစင်များတွင် လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာထားရှိခြင်းများ စနစ်တကျဆောင်ရွက်ထားရှိပြီး ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ နှားခေါင်းစည်း (Mask)နှင့် မျက်နှာအကာ(Face Shield)တို့ကို တပ်ဆင်အသုံး ပြုကာ ပညာသင်ကြားပို့ချပေး လျက်ရှိသည်။

 

 

မင်းဘူး(စကု)မြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထက် တန်းကျောင်း(ခွဲ) (၂၅)ကျောင်း၊  အခြေခံပညာအလယ်တန်းကျောင်း (၂၆)ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) (၁၀)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၁၈)ကျောင်း၊ မူလတန်းကျောင်း (၅၈)ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) (၃)ကျောင်း၊ စုစုပေါင်း (၁၄၉)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

မောင်မောင်(မင်းဘူး)