ရန်ကင်းမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲဖြေဆို

 

ရန်ကင်း ဇွန်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပရိယတ္တိသာသနာထွန်းကားပြန့်ပွား စေရန်ရည်ရွယ် ၍ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရန်ကင်း မြို့နယ် ရှိ သာသနာ့ဗိမာန်၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့ ကြောင်းသိရသည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် စာမေးပွဲဖြေဆိုသူစာရင်းရှိသံဃာတော် အပါး(၂၃၅)ပါးရှိရာမှဝင်ရောက်ဖြေ ဆိုသူ သံဃာတော် (၁၄၆) ပါး ၊သီလရှင် စာရင်းရှိ(၁၁)ပါးရှိရာမှ ဝင်ရောက်ဖြေဆိုသူ(၁၀)ပါးရှိ ကြောင်းသိရသည်။

ရန်ကင်းမြို့နယ်၌ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ၂၀၂၀ပြည့်နှစ်တွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွား နေမှုများကြောင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ရာမှယခုအခါ ကိုဗစ်- ၁၉ရောဂါကူး စက်ပြန့် ပွားမှု လျော့နည်း လာသည့် အတွက်ပြန်လည်ကျင်းပခဲ့ရခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်း ညွှန်မှုနှင့် သာသနာရေး ဦးစီး ဌာနတို့ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လှလှထွေး(ပြန်/ဆက်)