ရေနံချောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရေနံချောင်း ဇွန်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြား လျက်ရှိ ကြောင်း သိရသည်။

အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လက်ဆေးဘေစင်များထားရှိခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ ဝတ်ဆင်စေပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်း ပတ်ဝန်းကျင်လုံးခြုံရေး လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

ရေနံချောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ရက်သတ္တတစ်ပတ်အဖြစ် မေ ၂၄ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့်တွင် ၅၇၂၆ ဦး၊ အလယ်တန်းအဆင့်တွင် ၃၀၀၂ ဦးနှင့် အထက်တန်းအဆင့်တွင် ၅၂၆ ဦး စုစုပေါင်း ၉၂၅၄ ဦး လာရောက်ကျောင်းအပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

 

စိုးသူအောင်