တောင်ပြိုလက်ဝဲမြို့ ဇွန် ၁
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၁ − ၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ စည်းကမ်း ချက်များနှင့်အညီ ယနေ့ နံနက် (၉) နာရီအချိန်မှစတင်၍ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသားကျောင်းသူများ ပညာသင် ကြားနိုင်ရေးအတွက် ဆရာဆရာမများက ကျောင်းအတွင်းမဝင်ရောက်မီ Mask များ ဖြန့်ဝေ ပေးခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျ လက်ဆေးနိုင်ရန် ဆောင်ရွက်ထားခြင်း၊ လက်သန့်ဆေးရည်ဘူးများနှင့် ဆပ်ပြာခဲ့များထားခြင်း၊ ဆရာ ဆရာမများ စာသင်ချိန်မှန် ကန်စေရန် အချိန်ဇယားကို စနစ်တကျရေးဆွဲထားကြောင်း သိရသည်။
ထိုသို့ ကျောင်းပြန်လည်ဖွင့်လှစ်သည့်နေတွင် တောင်ပြိုလက်ဝဲမြို့အုပ်ချုပ်ရေးမှူး ဦးအမ်းဇော်မိုးက စာသင်ကြားနေမှုအခြေအနေ၊ ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသား များ၏ အင်အားအခြေအနေ၊ ကျောင်းပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်မှုရှိမရှိအခြေ အနေများအား ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို ဆရာ ဆရာမများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)