မြေပုံ ဇွန် ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး (၂၀၂၁-၂၀၂၂) ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ် ပညာသင်ကြားခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကိုဗစ် (၁၉) ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင် ဖွင့်လှစ် ပညာသင်ကြားလျက်ရှိသည်။
မြေပုံမြို့နယ်အတွင်း အခြေခံပညာ (ထက်၊လယ်၊မူ) ကျောင်း (၁၇၁) ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၇) ကျောင်းတို့ ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးအောင်ဌေးထံမှသိရှိရသည်။
မြေပုံမြို့နယ်အတွင်းကျောင်များ စတင်ဖွင့်လှစ် ပညာသင်ကြားနေမှုအား မြိုနယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က အ-ထ-က(မြေပုံ)၊အ-ထ-က(,သဲတန်း)၊ အ-လ-က(ကံသာထွက်ဝ)၊ အ-လ-က(IDP) ကျောင်းတို့သို့ သွားရောက်၍ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ရေးလမ်ညွှန်ချက်နှင့်အညီ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနေမှူအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြား ကြောင်း သိရှိရသည်။
တင်ဝင်း