ကျောင်းကုန်း ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ ယနေ့ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းများအားလုံး၅၀% ကျော် တက်ရောက်၍ ပညာသင်ကြားခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ရုံးက သိရသည်။
အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ ယာယီမြို့နယ် ပညာရေးမှူး ဦးထွန်းညို၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ချိုမာထွန်း၊ မြို့နယ်မီးသတ်လက်ထောက ်ဦးစီးမှူး ဦးထက်ရင့်နောင်လွင် တို့အဖွဲ့က စာသင်ကြားနေမှုအား သွားရောက် ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြသည်။
ထို့နောက် မြို့မအခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အောက်ပိုင်း ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနေဝင်းနောင်၊ ယာယီမြို့နယ်ပညာရေးမှူး ဦးထွန်းညို၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြတ်စိုး တို့အဖွဲ့က စာသင်ကျောင်းလုံခြုံရေးအတွက် အလေးပေး မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)