မိုင်းဆတ်မြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းဆတ်   ဇွန် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က စာသင်ကျောင်းများ ပြန်လည်ဖွင့်မှု၊ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်မှု၊ လုံခြုံရေးစီမံ ဆောင်ရွက်ထားရှိမှု၊ ကျောင်းနှင့်ဈေးများ မီးဘေးကြိုတင်ကာကွယ်ရေး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့်ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များအား စနစ်တကျစိစစ်ဆောင်ရွက်ပေးရေး၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့်သူများ စာရင်းပြုစုထားရှိရေး၊ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရေး၊ အားကစားကဏ္ဍ မြှင့်တင်ပေးနိုင်ရေး၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပနိုင်ရေး၊ ဒေသခံတောင်သူများအား စိုက်ပျိုးရေးအသိညာပေးရေးနှင့် နိုင်ငံတော်မှ အထောက်အပံ့များ အချိန်မီ ထောက်ပံ့ပေးနိုင်ရေး၊ ကျွဲ၊နွားများ တရားမဝင် သယ်ဆောင်မှုမရှိစေရေးတို့နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

သန်းဇော်(မိုင်းဆတ်)