ပြင်ဦးလွင် ဇွန် ၁
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူမှု အခွင့်အရေးများ ရရှိပြီး ကျောင်းနေနှုန်း မြင့်မားလာစေရေး၊ ကျောင်းနေသည့် ကလေးတိုင်း အရည်အသွေးရှိသော အခြေခံပညာ သင်ယူခွင့်ရရှိရေးနှင့် ကျောင်းနေမြဲရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ယနေ့မှ စတင်ပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိသည်။
အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ရာတွင် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ (Face Shield)များ စနစ်တကျ တပ်ဆင်ရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အဆင့်ဆင့် ပညာသင်ယူနိုင်ရေး၊ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်အတိုင်း စစ်ဆေးရန်၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများပူးပေါင်း ဆောင်ရွက်တက်ရေး၊ ကျောင်းတက်မှန်ရေးနှင့် အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး စသည့် စည်းကမ်းချက်များအား လိုက်နာရန် ကြိုတင်အသိပေး ဆောင်ရွက်လျက်ရှိသည်။
ပြငဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၂၆)ကျောင်း၊ အလယ်တန်းကျောင်း ၂၇)ကျောင်း၊ မူလတန်းကျောင်း (၉၈)ကျောင်း၊ စုစုပေါင်း ကျောင်း(၁၅၁)ကျောင်းရှိ၍ မေလ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံပြီး ကျောင်းသား၊ ကျောင်းသူ(၁၆၃၀၃)ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသာယာ လှပရေးနှင့် လုံခြုံရေးစသည့် စည်းကမ်းချက်များအား ကြိုင်တင်ပြင်ဆင် ဆောင်ရွက် လျက်ရှိပကြောင်း တာဝန်ရှိသူတစဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)