မိုးမိတ် ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ယနေ့ နေ့လည် ၂ နာရီက ကိုဗစ်ရောဂါ ကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများက ချေးငွေများ လာရောက် ထုတ်ယူလျက်ရှိကြောင်းသိရသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှုအ ထောက်အကူ ဖြစ်စေရေးတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းနှင့် အခြားသီးနှံတစ်ဧကလျှင် ၁၀၀၀၀၀နှုန်း ဖြင့် ထုတ်ချေးပေးလျှက်ရှိကာ ယနေ့အထိ တောင်သူ ၁၈၂ ဦး၏ လယ်ယာမြေ ၈၅၁ ဧကအတွက် ချေးငွေစုစုပေါင်း ၁၂၇၃၅၀၀၀၀ ထုတ်ချေးပေးနိုင် ခဲ့ပြီဖြစ်ကြောင်း မိုးမိတ်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မိုးမိတ်သား(စည်သူဌေး)