ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကျောက်ဖြူ ဇွန် ၁

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး စတင် ဖွင့်လှစ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ် နှံကြပါစို့၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံးပါ ဝင်ပေး” ဆောင်ပုဒ်များနှင့်အညီ အခြေခံပညာဦးစီးဌာနက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးကို မေလ ၂၄ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ဆောင်ရွက်ထားပြီးဖြစ်သည်။ ယင်းနောက် နိုင်ငံတော်မှ ကျောင်းသား/သူများ အတွက် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ(Face Shield) တို့ကို အခမဲ့ထောက်ပံ့ပေးထားပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိကာ  ကျောင်း သား ကျောင်းသူများမှလည်း ပျော်ရွှင်စွာဖြင့် ၎င်းတို့၏ သင်ခန်းစာများအား သင်ယူလျက် ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၆ ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ကျောင်း ၅ ကျောင်းနှင့် အလယ်တန်းလေ့ကျင့်ရေးကျောင်းတစ်ကျောင်း စုစုပေါင်း ၂၅၂ ကျောင်းရှိကာ အခြခံပညာမူလတန်းတွင် ၁၁၅၂၅ ဦးရှိပြီး ကျောင်းအပ်နှံမှု ၆၆ ရာခိုင်နှုန်း၊ အခြခံပညာအလယ်တန်းတွင် ၉၁၇၅ ဦးရှိပြီး ကျောင်းအပ်နှံမှု ၇၅ ရာခိုင်နှုန်း၊ အခြေခံပညာ အထက်တန်းတွင် ၃၄၂၁ ဉီးရှိပြီး ကျောင်းအပ်နှံမှု ၈၁ ရာခိုင်နှုန်းရှိကာ စုစုပေါင်းကျောင်းအပ်နှံမှု ၇၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း