ကျောက်ပန်းတောင်းမြို့ တွင်လက်လုပ်ဗုံး(၂)လုံးပေါက်ကွဲမှုဖြစ်ပွား

ကျောက်ပန်းတောင်း  ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့ည(၇)နာရီအချိန်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် လက်လုပ်မိုင်းဟုယူဆရသော အရာတစ်ခု ပေါက်ကွဲခဲ့ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးရှိ မီတာကောက်ခံကောင်တာ (၁၀)ပေပတ်လည် နံရံကပ်သွပ်မိုး အဆောက်အဦ၏ ပြူတင်းပေါက်မှန်(၄)ချပ် ကွဲခဲ့ကြောင်းသိရသည်။

ထို့အပြင် ယင်းည (၇:၃၆)နာရီတွင် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက်၊ နယ်မြေ(၃) (ကမ္ဘာအောင်နာရီရောင်းဝယ်ရေး)၏ နေအိမ်အား၊ လက်လုပ်မိုင်းဟု ယူဆရသော အရာဖြင့် ပစ်ခတ်ခဲ့ရာ၊ ၎င်းပိုင်ဆိုင်သည့် PROBOX အဖြူရောင်ယာဉ်၏ ဝဲဘက်ရှေ့ဘီးနှင့် ဝဲဘက်ရှေု့မီးသီးကွဲ၊ ကားဂိုဒေါင်အမိုးများပေါက်ပြဲခဲ့ကြောင်းနှင့် အဆိုပါပေါက်ကွဲမကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိ ကြောင်း သိရှိရသည်။

နေအောင်(ဓာတ်ပုံကျွမ်းကျင်-၂)