ကျိုင်းတုံမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပ

ကျိုင်းတုံ ဇွန်  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို  ယနေ့မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျိုင်းတုံစာဖြေဌာန၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အစိုးရဓမ္မာစရိယ စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ကျင်းပလျက်ရှိရာ  ကျိုင်းတုံစာဖြေဌာနတွင်  ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ ရဟန်း ၃၅ ပါး၊ သီလရှင် နှစ်ပါး၊ လူပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဇွန်လ ၁ ရက်မှ ၉ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်မှ ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျိုင်းတုံစာဖြေဌာနတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)