တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး

တာချီလိတ် ဇွန် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မှုအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

တာချီလိတ် (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ ဒုတိယမြို့နယ် ပညာရေးမှူးတို့ ပါဝင်သော တာဝန်ရှိသူများသည် မြို့ပေါ်ရှိ အခြေခံပညာကျောင်းသို့ သွားရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားနိုင်ရေးအတွက် လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

အခြေခံပညာ ဟောင်လိတ်အထက်တန်းကျောင်းတွင် စာသင်ချိန်များကို ပုံမှန် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ တာချီလိတ်မြို့နယ်တွင် ယနေ့အထိ ပညာသင်ကြားရန် လာရောက်ကျောင်းအပ်နှံသူ ၆ ထောင်နီးပါးခန့်ရှိပြီး ဆက်လက်၍ ကျောင်းအပ်သူများကို လက်ခံလျက်ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ယာဆေး