ကျောက်ဖြူ ဇွန် ၁
ကျောက်ဖြူခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့၊ နေ့လည် နံနက်(၁) နာရီအချိန်က ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း ကျောက်ဖြူ (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော "နှလုံးသား ကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် တတိယအကြိမ် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် မှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး (Book Club) အဖွဲ့ဝင် စာရေးဆရာ သိန်းရွှေအောင်က ‘ကံဆိုးတိုင်း မိုးမမှောင်ပါ’ စာအုပ်ခေါင်းစဉ်ပါအကြောင်းအရာ အား ဦးဆောင်ဆွေးနွေးသည်။ ယင်းနောက် (Book Club)အဖွဲ့ဝင် စာပေဝါသနာရှင် ဦးလှဖော်သူက ‘စာတတ်ဖို့ စာဖတ်ဖို့’ ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး၊ စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်းဝင်များက မိမိ ကြိုက် နှစ်သက်ရာ ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို တစ်လလျှင်နှစ်ကြိမ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ကျောက်ဖြူခရိုင် ပြန်ကြားနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မိမိတို့၏ရုံး Page များမှတဆင့် Online အစီအစဉ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်းစသည့် အသိပညာပေးများနှင့် စက္ကူပန်းအလှ ခေါက်နည်း အမျိုးမျိုးကို အပတ်စဉ်ပုံ မုန်ထုတ်လွှင့်ပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူး ထံမှသိရသည်။
ဖြိုးထွန်း