ဘူးသီး‌တောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်

ဘူးသီးတောင် ဇွန် ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီး‌တောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး စည်းကမ်းချက်နှင့် အညီ ယနေ့ နံနက်(၉)နာရီ(ခွဲ)အချိန်မှစ၍ ပုံမှန်စာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်လျက် ရှိကြောင်းသိရှိရသည်။

အဆိုပါကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသား /ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများတွင် ကျောင်းသားမိဘနှင့် ကျောင်းသား /ကျောင်းသူများအား ဆရာ/ဆရာမများက ကျောင်းအတွင်းမဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာခြင်းများ၊ Mask များဖြန့်ဝေပေးခြင်း၊ လက်ဆေးဘေစင်များတွင် စနစ်တကျလက်ဆေး နိုင်စေရန် ဆောင်ရွက်ထားခြင်း၊ စာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီနေရာ ချထားခြင်း၊ စာသင်ချိန်များအားစနစ်တကျစီမံထားခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အစီအမံချက်များ ဆောင်ရွက်ထားခြင်း၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ပြင်ဆင် ထားခြင်း၊ တာဝန်ထမ်းဆောင်နေသောဆရာ/ဆရာမများနှင့် ကျောင်းသား /ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် တာဝန်ရှိသူများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၂၈) ကျောင်းရှိကာ မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့ထိ ကျောင်းသား/ကျောင်းသူ(၂၆၆၀၀)ဦး လက်ခံရရှိခဲ့ကြောင်း မြို့နယ် ပညာရေးမှူး ဦးမောင်တင်အောင်မှ သိရသည်။

လှကျော်  (ပြန်/ဆက်)