မိတ္ထီလာမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပ

မိတ္ထီလာ ဇွန် ၁

မိတ္ထီလာမြို့တွင် ၂ဝ၂၁  ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့်၁၂ နာရီအချိန်က အထက(၁) ဒက္ခိဏ အဆောင် တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါအစိုးရဓမ္မာစရိယစာမေးပွဲတွင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ  စာဖြေသံဃာတော်စာရင်းရှိ ၂၅၄ ပါး အနက် ၁၉၄ ပါးဖြေဆိုပြီး စာဖြေသီလရှင်စာရင်းရှိ ၁၃ ပါးရှိပြီး ၁၃ပါး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။ အဆိုပါ အစိုးရ ဓမ္မာစရိယစာမေးပွဲအား ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိကျင်းပမည်ဖြစ်သည်။ အလားတူ ပါဠိပထမပြန် စာမေးပွဲ(အခြေပြုမူလတန်း၊ပထမငယ်တန်း၊ပထမလတ်တန်း၊ပထမကြီးတန်း) ကို   ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ  အထက(၁) ဒက္ခိဏအဆောင်တွင်   ကျင်းပပြုလုပ်သွားမည်ဖြစ်အကြောင်း  သိရသည်။

ချမ်းသာ